မောင်ကြီးသျှင်ပါးသို့ ပီးပို့ရေစာ

သို့
မောင်ကြီးသျှင်
...........
နှမချစ်ခင် မောင်ကြီးသျှင်သို့
ကြင်နာချစ်ဆုံး စာစီကုံးဗျာလ်
ပြုံးပန်းကဗျာ စာခြွီလွာကို
သာယာစီဖို့ လက်ဆောင်ပို့ယင့် ။

မှိုင်းညို့ရိပ်ဆင် မိုးသက်ငင်ကေ
စင်ပါဇီကြောင်း ဆုမွန်တောင်းဗျာလ်
ဂေါင်းခင်ကငို မိုးကပြိုကေ
ပျိုမေနှမ. မောင့်ကိုတလို့
အငိုဖုံးရာ သောကဖြာဗျာလ်
ညှာတာသနား လွမ်းစိတ်များနန့်
ပါးနှစ်ဖက်ဝယ် မျက်ရည်သွယ်မိ ။
နွမ်းစိတ်သွယ်လီ လွမ်းငွိ့ဝီလည်း
ပီတိအဖြစ် ထုကာဆစ်လို့
စစ်သားချစ်သူ နှလုံးမူဗျာလ်
တူယှဉ်စိတ်မြတ် မောင့်စိတ်ဓါတ်နာင့်
ထပ်တူဂုဏ်ရောင် ပြည်ကျိုးဆောင်ဖို့
အောင်ရာအောင်ကြောင်း ပျိုဆုတောင်းယင့် ။
နှမချစ်ခင် မောင်ကြီးသျှင်မာ
ကြင်နာနှလုံး ပီတိဖုံးဗျာလ်
ပြုံးပန်းဝီဆာ ကျန်းကျန်းမာလို့
သာယာငြိမ်းချမ်း သဇင်ပန်းပိုင်
လန်းဆန်းလို့သာ စစ်မြီမာလည်း
လာရာလမ်းကြောင်း အောင်ပွဲဆောင်းဗျာလ်
ကောင်းကျိုးကိုယ်စီ လင်းရောင်ဝီလို့
မှီရာဓည. ပြည်ရက္ခကို
လှပသာယာ လမ်းကြောင်းဖြာစီ
သာပါဇီကြောင်း ပျိုဆုတောင်းရေ. ။
နှမတွက်ကို သောကပိုလို့
ထိုဒေအကြောင်း ထပ်ကာပေါင်းကေ
ညောင်းလိမ့်ရင်မာ မတွေးပါနာင့်
သာရာမပြောင်း သစ္စာလောင်းလို့
နှောင်းတိတ်ရွှီရောင် မိတ္တာဆောင်က
အောင်ပါလီစ. ဆုခြွီသယင်း
အမောင်ချစ်ခင်
မြတ်သဇင်..... ။
နှမကဗျာ ဖတ်သောခါဝယ်
လွာအိမ်နှလုံး ချစ်စိတ်ဖုံးဗျာလ်
ပြုံးမိတစ်ခါ လွမ်းဗျာပါနာင့်
သာယာစီဖို့ ဆုပြန်ပို့ယင့်
ညို့ဆွဲရင်ပြင် ချစ်ကြင်ကြင်နန့်
ရင်မာထုဆစ် ပီတိဖြစ်မိ
ပြစ်မုန်းမထင် မင်းအမြင်ကြောင့်
ခင်ရာမြို့ဟောင်း ပြည်လမ်းကြောင်းကို
ကောင်းအောင်ဆက်လုပ် မောင်အားထုပ်မည်
နုတ်ချိုဖွေးဖွေး အရည်သွေးကြောင့်
ကျေးဇုပါဝေ. နှမသျှေ ။
ရက္ခ လင်းအိမ် (ကျိန်းရိပ်မြီ)
ရက္ခ လင်းအိမ် Facebook မှကူးယူဖေါ်ပြသည်။
Previous
Next Post »

Advertisement

https://www.facebook.com/profile.php?id=100009818534339

Advertisement With Us

Technology