မြောက်ဦးပစ်ခတ်မှုသေဆုံးသူ ၇ ဦး၊ ဒဏ်ရာရသူ ၁၂ ဦးရှိ
နိရဉ္စရာ၊ ဇန်န၀ါရီ ၁၇
ယမန်နေ့က ဖြစ်ပွားခဲ့သည့် မြောက်ဦးပစ်ခတ်မှုတွင် လူ ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရရှိခဲ့သည်ဟု မြောက်ဦးတောင်ရပ် အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းက ပြောသည်။
သေဆုံးသူများ၏ အမည်စာရင်းအတိအကျ မသိရသေးသော်လည်း သေဆုံးများအထဲတွင် ၆ ဦးမှာမြို့ပေါ်မှ ဖြစ်ပြီး ကျန်တစ်ဦးမှာ ပိုးဖြူကျွန်းကဟု ပြောဆိုသည်။
ဒဏ်ရာရသူများထဲမှ ၆ ဦးကိုလည်း စစ်တွေဆေးရုံသို့ ရွှေ့ပြောင်း ယူဆောင်သွားရသည်ဟု ဆိုသည်။
မြောက်ဦးအာဏာပိုင်များနှင့် ဖုန်းဖြင့် ဆက်သွယ်သော်လည်း အဆက်အသွယ်မရသဖြင့် တရားဝင် ထုတ်ပြန်ချက်ကို မသိရှိရသေးပါ။
(ဓာတ်ပုံ- သေဆုံးသူ တချို့ကို တွေ့ရစဉ်)
crd<<>>https://www.facebook.com/Narinjara-151742128171206/
Sign up here with your email







ConversionConversion EmoticonEmoticon